၂၁ ပင်လုံကော်မတီနဲ့ DPN ၊ နိုင်ငံရေးပါတီတွေ ဆွေးနွေး

0:00 / 0:00

၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီနဲ့ DPN ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ ရန်ကုန်မြို့မှာ သုံးရက်ကြာ ဆွေးနွေးပွဲ ကျင်းပနေပါတယ်။ ဒီအစည်းအဝေး ဒုတိယနေ့အပြီးမှာ အပစ်ရပ် လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ အဖွဲ့တွေအနေနဲ့ ၂၁ ပင်လုံ ညီလာခံကို တက်ရောက်ဖို့ အလားအလာတွေကောင်းတယ်လို့ UNFC အဖွဲ့က ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ညီလာခံတက်ရောက်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးကော်မတီဝင် ဦးလှမောင်ရွှေကို RFA ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။