အလွတ်သတင်းထောက် မသူဇာနဲ့ ဆက်သွယ်မေးမြန်းချက်

2021-05-01
Share
ရန်ကုန်အရှေ့ပိုင်း ဒဂုံတက္ကသိုလ် ကျောင်းဝန်ထမ်းအိမ်ယာမှာ နေထိုင်တဲ့ အလွတ်တန်း သတင်းထောက် မသူဇာရဲ့နေအိမ်ကို ရဲ နဲ့ စစ်သား ၃၀ ကျော်က မေလ ၁ ရက်နေ့ နေ့လည်မှာ ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး သူ့ကို မတွေ့တာကြောင့် အမျိုးသားဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

မသူဇာဟာ RFA သတင်းဌာန၊ The Irrawaddy သတင်းဌာန၊ မော်ဒန်ဂျာနယ်၊ 7 Day TVတို့မှာ အလုပ် လုပ်ကိုင်ခဲ့ပြီး လက်ရှိမှာ အလွတ်သတင်းထောက်တစ်ဦး ဖြစ်သလို ဖမ်းဆီးခံရတဲ့ အမျိုးသားဖြစ်သူ ကိုရဲကိုကို ကလည်း Channel K သတင်းဌာန သတင်းထောက်ဟောင်း တစ်ဦးဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးမှုကနေ လွတ်မြောက်ခဲ့တဲ့ မသူဇာကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့