လွတ်မြောက် ဗကသကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်နဲ့ မေးမြန်းချက်

0:00 / 0:00

ပညာရေး သပိတ်မှောက်ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာမှုအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ပြည်သူတစ်ရပ်လုံးကို အထူးကျေးဇူးတင်ရှိကြောင်းနဲ့ နိုင်ငံမှာ ဒီမိုကရေစီစံနှုန်းနဲ့ကိုက်ညီတဲ့ပညာရေးစနစ် ပေါ်ထွန်းလာရေးအတွက် အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းသွေးသစ်က ပြောကြားလိုက်ပါတယ်။ ကိုမင်းသွေးသစ်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။