0:00 / 0:00
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ မပြီးဆုံးသေးတဲ့ တာဝန်တွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ မနေ့ညပိုင်းက သာယာဝတီ အကျဉ်းထောင်ကနေ လွတ်လာတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် မဖြိုးဖြိုးအောင်က ပြောပါတယ်။ မဖြိုးဖြိုးအောင်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
