0:00 / 0:00
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်၊ ကြံခင်းနဲ့ အင်္ဂပူမြို့နယ်တို့မှာရှိနေတဲ့ ရေနံချက်ဖိုတွေဟာ သစ်တောပြုန်းတီးပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့အတွက် ပိတ်သိမ်းပေးဖို့ မြန်အောင် မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်က ဒီကနေ့ တိုင်းလွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။
ရေနံချက်ဖိုတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ကြုံတွေ့နေရတာတွေကို ကြံခင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်းကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။
