မြန်မာနိုင်ငံမှာ အာဏာသိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင်တွေကို အမေရိကန်က ပြီးခဲ့တဲ့တပတ်ထဲမှာပဲ ပထမအဆင့် အရေးယူလိုက်ပါတယ်။ ဥရောပသမဂ္ဂ (EU) ကလည်း မကြာခင်မှာ အရေးယူဖို့တွေ ပြင်ဆင်နေတဲ့အတွက် ဒီအရေးယူမှုတွေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေးမှာ အကျိုးသက်ရောက်မှု အလားအလာတွေနဲ့ ပတ်သက်ပြီး စီးပွားရေးပညာရှင် ဦးမင်းခင် ကို RFA ဝိုင်းတော်သူ မနန္ဒာချမ်း က ဆက်သွယ်မေးမြန်းထားပါတယ်။