0:00 / 0:00
မြိုင်ကြီးငူဆရာတော်က ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကွမ်းတောကျေးရွာက ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်းမှာ စေတီတည်ထားပြီး မနေ့ညက ထီးတင်ပွဲကျင်းပခဲ့သလို လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာအုပ်စု၊ အမှတ်(၅) ရပ်ကွက်က မွတ်စလင်တွေနေတဲ့လမ်းမှာ စေတီတည်ထားဖို့ အတွက်လည်း စီစဉ်နေပါတယ်။
ကရင်ပြည်နယ်အစိုးရဘက်ကဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ပြည်နယ်သာသနာ ရေးဝန်ကြီး ဦးမင်းတင်ဝင်းကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။
