သမ္မတရုံးဝန်ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနဲ့ မေးမြန်းချက်

0:00 / 0:00

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ရိုဟင်ဂျာ ၃၄၀ ကို မြန်မာနိုင်ငံဘက် ပြန်ပို့တဲ့အခါ မြန်မာနယ်ခြားစောင့်တပ်က လက်ခံထားကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တချို့ရဲ့ ပြောကြားမှုကို ကိုးကားပြီး ရေးသားထားတဲ့ သတင်းဟာ မှားယွင်းကြောင်းနဲ့ အဲဒီလို လွဲှပြောင်းမှုတွေ မရှိခဲ့ကြောင်း သမ္မတရုံး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

RFA အင်္ဂလိပ်ဝက်ဘ်ဆိုက်က ဘင်္ဂလားဒေ့ရှ် အာဏာပိုင် တချို့ကို မေးမြန်းပြီး ဧပြီလ ၂၁ ရက်နေ့စွဲနဲ့ သတင်း ရေးသားဖေါ်ပြခဲ့တာဖြစ်ပါတယ်။

ဦးဇော်ဌေး ကို RFA သတင်းထောက် မဇင်မာဝင်း က ဆက်သွယ်မေးမြန်းထားပါတယ်။