မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အားလုံးကို စနစ်တကျ မှတ်တမ်းတင် သိမ်းဆည်းပြီး၊ ချိုးဖောက်ခံရသူတွေအတွက် တရားမျှတမှုရအောင် စတင်ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် မနေ့ကပဲ ခန့်အပ်လိုက်တဲ့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဦးအောင်မျိုးမင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။