လန်ဒန်ကမြန်မာသံရုံး ထိန်းချုပ်ခံရမှုအခြေအနေ ဆက်သွယ်မေးမြန်းချက်

တင်အောင်ခိုင်(ဝါရှင်တန်ဒီစီ)
2021.04.07

လန်ဒန်မြို့ မြန်မာသံရုံးမှာ သံအမတ်ကြီးဦးကျော်စွာမင်း အပြင်ကိုထွက်သွားချိန်မှာ စစ်သံမှူး ဗိုလ်မှူးကြီးစိုးအောင်သံရုံးကို ရောက်ရှိလာပြီး ဦးကျော်စွာမင်းကို သံရုံးအတွင်းအဝင်မခံတော့ပါဘူး။ သံအမတ်ကြီးက ရဲကိုခေါ်ထားပြီး မြန်မာနိုင်ငံသားတွေ အများအပြားလည်း သံရုံးရှေ့မှာ စုရုံးရောက်ရှိလာပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး သံရုံးရှေ့မှာ ရောက်ရှိနေသူ မြန်မာ့အရေးလှုပ်ရှားသူ ကိုမင်းဟိန်းကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

ကိုထိုက်
2021-04-08 10:40

အရမ်းရှက်ဖို့ကောင်းပါတယ်၊တရားဝင် အမိန့်ထုတ် စနစ်တကျ လွှဲပြောင်းလက်ခံ လို့မရဘူးလားဗျာ ၊ အခုဟာ လမ်ဘေးက ဆိုဒ်ကားဂိတ်မှုး ရာထူးလုသလိုပဲ ဘယ်နိုင်ငံမှ အဲလို လုပ်မယ်မထင်ဘူးဗျာ အံ့ရော