ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူဟာ အခုဆိုရင် နေအိမ်စောင့်ကြည့်ကာလ ပြီးဆုံးပါတော့မယ်။ ကူးစက်မှု ကျဆင်းမသွားသေးတဲ့ ကာလ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲရလဒ် အောင်ပွဲခံတဲ့ လူစုလူဝေးဖြစ်နေတာတွေကို သတိထားစေချင်တယ်လို့ ဦးကျော်သူက တိုက်တွန်းလိုက်ပါတယ်။
ဦးကျော်သူကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။