ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယအတွင်းရေးမှူး ဒေါ်ခိုင်မာ ဝင်းဇင်သန့်နဲ့ မေးမြန်းချက်

0:00 / 0:00

ဂျပန်နိုင်ငံ ကျူရှူးကျွန်းက ကူမာမိုတိုခရိုင်မှာ ပြင်းအားကြီး ငလျင်လှုပ်ခတ်မှုတွေ ဖြစ်ပေါ်နေပြီး နောက်ထပ် လှုပ်ခတ်နိုင်တာကြောင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို အကူအညီ ပေးနိုင်ဖို့အတွက် အရေးပေါ်အဖွဲ့ ဖွဲ့စည်းထားတယ်လို့ တိုကျိုမြို့မှာရှိတဲ့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယအတွင်းရေးမှူး ဒေါ်ခိုင်မာဝင်းဇင်သန့်ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။