မြန်မာနိုင်ငံက တွင်းထွက်သယံဇာတ တူးဖော်လုပ်ငန်းတွေ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအတွက် ဖွဲ့စည်းထားတဲ့ EITI အဖွဲ့ရဲ့ အစီရင်ခံစာကို ဇန်နဝါရီလ ၂ရက်နေ့က ထုတ်ပြန်ခဲ့တာမှာ ကျောက်စိမ်းတွင်းဒေသနဲ့ ပတ်သက်ပြီး ပါဝင်ပါတယ်။ ဒါပေမဲ့ အစီရင်ခံစာမှာ ကျောက်စိမ်းကုမ္ပဏီ ပိုင်ဆိုင်သူတွေအပြင် ကုမ္ပဏီတွေရဲ့ ထုတ်လုပ်မှုတွေနဲ့ ပတ်သက်လို့ အစိုးရဘက်က ထုတ်ပြန်ပေးခြင်းမရှိဘူးလို့ သိရပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ EITI အဖွဲ့ရဲ့ အရပ်ဘက်အဖွဲ့ဝင် စိမ်းလန်းအမိမြေ (Eco Dev) အဖွဲ့အကြီးအကဲ ဦးဝင်းမျိုးသူကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် မေးမြန်းထားပါတယ်။
