ကျောက်မျက်ရန်ပုံငွေ ပျောက်ဆုံးမှုမှာ သမ္မတဟောင်းနဲ့ ဝန်ကြီးဟောင်း ပါဝင်ပတ်သက်မှုမရှိ

0:00 / 0:00

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ်ရဲ့ ရန်ပုံငွေထဲက ပျောက်ဆုံးနေတဲ့ အမေရိကန်ဒေါ်လာ သန်း ၈ဝ ကျော်ကိစ္စမှာ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်နဲ့ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းတို့ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိထားတယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန် က ပြောပါတယ်။

ဝန်ကြီးဌာနတွင်းမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး တိုင်ကြားသူနဲ့ တိုင်ကြားခံရသူတွေထဲက စုစုပေါင်း ၁၉ ဦးကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ ဦးဆောင်သူဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။