ကချင်ပြည်သူတွေကို မြန်မာစစ်သားတွေက မေးမြန်းခြိမ်းခြောက်တာတွေ ရှိနေကြောင်း ဒေသခံတွေရဲ့ပြောဆိုချက်တွေအပေါ် ဒေါ်ဘောက်ဂျာက အခုလို ပြောလိုက်တာဖြစ်ပါတယ်။ ကချင်စစ်ပြေးဒုက္ခသည်တွေအနေနဲ့ စစ်တပ်က ခြိမ်းခြောက် ရန်ပြုမှုတွေကြောင့် နေရပ်မပြန်ရဲသလို တိုက်ပွဲတွေလဲ ဆက်လက်ဖြစ်ပွားနေတာကြောင့် အိုးအိမ်စွန့်ထွက်ခွာပြေးရတဲ့ ဒေသခံတွေလဲ ပိုပြီးများလာနေတယ်လို့ ဆိုပါတယ်။ ဒေါ်ဘောက်ဂျာကို မခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
0:00 / 0:00
