0:00 / 0:00
ကချင်ပြည်နယ်မှာ အစိုးရသက်တမ်း ငါးနှစ်တာကာလအတွင်း တရုတ်နိုင်ငံဘက် မှောင်ခိုတင်ပို့တဲ့ တရားမဝင် သစ်မျိုးစုံ တန်ချိန် နှစ်သောင်းကျော်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ကချင်ပြည်နယ်ကနေတဆင့် နယ်စပ်ဖြတ်ကျော်ပြီး အဖိုးတန်သစ်နဲ့ သစ်တောထွက်ပစ္စည်းတွေ တရုတ်ပြည်ဘက် တရားမဝင်တင်ပို့နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် သစ်တောနဲ့ သတ္တုဝန်ကြီး ဦးအောင်နိုင်ကို RFA သတင်းထောက် ကိုကျော်မျိုးမင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
