ဘိန်းစိုက်တောင်သူတွေကို ရိက္ခာထောက်ပံ့ဖို့ ကချင်လွှတ်တော် အတည်ပြု


2016.03.01

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဘိန်းခင်ဖျက်ဆီးရေး ဆောင်ရွက်နေတဲ့ လူထုအခြေပြုအဖွဲ့တွေ တိုက်ခိုက်ခံရပြီး လူနေအိမ်နဲ့ ဆိုင်ကယ်တွေ မီးရှို့ဖျက်ဆီး ခံရတာမျိုး နောင်မှာမဖြစ်ပေါ်စေဖို့အတွက် တိုက်တွန်းကြောင်း အဆိုကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီ က ကချင်ပြည်နယ် လွှတ်တော်မှာ ဒီနေ့ တင်သွင်းခဲ့ရာ ထောက်ခံသူများတာကြောင့် အဆိုကို ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

အရေးကြီးအဆိုတင်သွင်းခဲ့တဲ့ ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားလှယ် ဦးနော်လီ (ခ) ဦးဇခေါင်ခမ်းရယ် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ် မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။