မဲသဝေါက စစ်ပြေးဒုက္ခသည်တွေ အခြေအနေ

0:00 / 0:00

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသမှာ DKBA ခွဲထွက်အဖွဲ့နဲ့ နယ်ခြားစောင့်တပ် BGF အဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် မြိုင်ကြီးငူဒေသကို ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးဒုက္ခသည် ၃၈၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

မဲသဝေါဒေသမှာ ကျန်နေခဲ့တဲ့ ဒေသခံတွေဟာ သောင်ရင်းမြစ်ကမ်းဖက်မှာ တိမ်းရှောင်နေကြတယ်လို့ ကရင်ပြည်နယ်အစိုးရ မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်း က ပြောပါတယ်။

ဦးမင်းတင်ဝင်းကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။