ကသာနီကယ်စက်ရုံစီမံကိန်းက သိမ်းထားတဲ့ လယ်မြေတွေ ဒေသ ခံတွေ တောင်းဆို

0:00 / 0:00

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်က နီကယ်စက်ရုံစီမံကိန်းကြောင့် သိမ်းဆည်းခံထားရတဲ့ လယ်ယာ မြေဧက သုံးထောင်ကျော် ပြန်လည်ရရှိရေးနဲ့ ပတ်သက်ပြီး ခရိုင်အထွေထွေအုပ်ချုပ် ဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းရာမှာ ပြေလည်မှုမရရှိတာကြောင့် လွှတ်တော်ကနေတဆင့် တင်ပြဆောင်ရွက်သွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ ခရိုင်အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ထီးချိုင့်မြို့နယ်က မြေသိမ်းခံတောင်သူ ဦးနေဝင်းကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။