0:00 / 0:00
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်နဲ့ ကောလင်းမြို့နယ်တို့မှာ မနေ့ကစပြီး မိုးဆက်တိုက်ရွာနေတာကြောင့် တံတားတွေ ပျက်စီးခဲ့သလို နေအိမ် ၄ ထောင်ကျော်လောက် ရေနစ်မြုပ်ခဲ့ပါတယ်။
ကောလင်းမြို့မှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေတဲ့ ကောလင်းမြို့နယ်လုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးပရဟိတကွန်ရက် အတွင်းရေးမှူး ဦးအောင်မျိုးဝေ ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
