0:00 / 0:00
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် အောင်နန်းချို ကျေးရွာမှာ ၁၆ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ပွဲကို ကျင်းပခွင့်ရခဲ့ပါတယ်။ အဲ့ဒီပွဲကို နေပြည်တော် ကောင်စီနယ်မြေ ဥက္ကဌ ဒေါက်တာမျိုးအောင်နဲ့ ရှမ်းပြည်နယ် အစိုးရ ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးခွန်အေးမောင် တို့လည်း တက်ရောက်ခဲ့ပါတယ်။
ကယန်းတိုင်းရင်းသားတွေဟာ ပညာရေး၊ စီးပွားရေး အဖက်ဖက်က နိမ့်ကျနေသေးကြောင်း ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးခွန်အေးမောင် က ပြောပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
