0:00 / 0:00
ရခိုင်ပြည်နယ်တွင်းက စစ်ဘေးရှောင်ဒုက္ခသည်တွေ အရေးပေါ်အကူအညီ အထောက်အပံ့တွေ ရရှိစေရေးနဲ့ပတ်သက်ပြီး ရခိုင်ပါတီကိုယ်စားလှယ်တွေက ဒီကနေ့ကျင်းပမဲ့ ပြည်သူလွှတ်တော်မှာ အရေးကြီးအဆိုအဖြစ် တင်သွင်းမယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရသေ့တောင်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
