KIA တပ်ဖွဲ့ဝင် ၄၀ ကျော် အစိုးရထံမှာ လက်နက်ချအလင်းဝင်
KIO - KIA ခေါင်းဆောင်ပိုင်း တချို့က အဓမ္မစစ် ဆင်နွှဲခိုင်းနေတာကို လက်မခံနိုင်တော့တဲ့ KIA တပ်ဖွဲ့ဝင် (၄၀) ကျော်ဟာ အစိုးရထံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက လက်နက်ချ အလင်းဝင်ကြတယ်ဆိုပြီး ဒီကနေ့ထုတ် အစိုးရသတင်းစာတွေမှာ
ဖော်ပြလိုက်သလို၊ KIO - KIA ခေါင်းဆောင်တွေရဲ့ သဘောထား တင်းမာမှုကြောင့် ကချင်ပြည်သူတွေ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးကွာနေရဆဲ ဖြစ်တယ်လို့ အစိုးရသတင်းစာက ဆိုပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို RFA ဦးဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။