ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးလွီးစီငြိမ်းနဲ့ တွေ့ဆုံမေးမြန်းခြင်း

ကယန်းအမျိုးသားပါတီဟာ လာမယ့်၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကယား၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွေမှာ ကိုယ်စားလှယ်လောင်း ၁၀ ဦးနဲ့ ဝင်ပြိုင်သွားမှာဖြစ်ပါတယ်။


ကယားပြည်နယ် မယ်စဲ့မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာကို ဝင်ပြိုင်မယ့် ကယန်း အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌ ဦးလွီးစီငြိမ်း (ခ) ခွန်းဘီထူးကို ပါတီငယ်တွေရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး စိန်ခေါ်မှုတွေအကြောင်း RFA သတင်းထောက် မစိုးစိုးထက်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ကယန်းအမျိုးသားပါတီက ဘယ်လိုပုဂ္ဂိုလ်တွေကို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အဖြစ် ရွေးထားလဲ။

ဖြေ။ ကျနော်တို့ ဒီကိုယ်စားလှယ်လောင်း ၁၀ယောက်ကိုတော့အကြမ်းဖျင်း ကျနော်တို့ပါတီအတွင်းမှာပေါ့ စည်းကမ်းချက် ၁၅ချက်နဲ့ ကျနော်တို့ရွေးချယ်ထားတယ်။ ကိုယ်စားလှယ်လောင်းရဲ့ဥပဒေ ကျွမ်းကျင်မှု၊ နိုင်ငံရေးရာ ကျွမ်းကျင်မှုတွေပါတယ်။ နောက်သူတို့် ဒီပါတီမှာ ဒီလူထုအတွက် အလုပ်အကျွေးပြုနိုင်ဖို့၊ ဒါလုံလောက်တဲ့ အတွေ့အကြုံနဲ့ နာယကတွေရဲ့ စစ်ဆေးမေးမြန်းမှုနဲ့ ခံနိုင်ရမယ်ဆိုတဲ့ဟာမျိုးဖြစ်တယ်။ လူထုတွေရဲ့ ရွေးချယ်မှုကိုဖြတ်ရတယ်။

ကျနော်တို့က ရှမ်းပြည်နယ်မှာ လေးယောက်ပါမယ်၊ ကယားပြည်နယ်မှာ လေးယောက်ပါမယ်ပေါ့နော်။ နောက် ရှမ်းပြည်နယ်မှာ တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်ယောက်ပါရင်တော့ ရှမ်းပြည်နယ်မှာ ငါးယောက်ဖြစ်သွားတယ်။ ပြီးရင်တော့ ကရင်ပြည်နယ်မှာ တစ်ယောက်ပေါ့နော် ကျနော်တို့ဝင်ပြိုင်ဖို့ရှိတယ်။

ကျနော်တို့ ကိုယ်စားလှယ်လောင်း အားလုံးက အသက်၅၁နှစ်က အကြီးဆုံးဖြစ်တယ်ပေါ့နော်။ ကျန်တဲ့ပုဂ္ဂိုလ်တွေ အားလုံးကတော့ အသက် ၄၀အောက်တွေ ခပ်များများပဲ ဖြစ်တယ်။ အသက် ၃၀အောက်က တစ်ဦးပဲပါတယ် ပေါ့နော်။ ဆိုတော့ ကျနော်တို့ပါတီမှာ အဲလိုလူငယ်၊ လူလတ်ပိုင်းတွေနဲ့ အများစုပေါ့နော် ဒီရွေးကောက်ပွဲကိုဝင်ဖို့ ကျနော်တို့ ထုတ်ပြန်ထားတာပေါ့နော်။

ဒီ ၁၀ ဦးစလုံးကပေါ့နော် နိုင်ခြေရှိတဲ့နေရာကိုပဲ ကျနော်တို့ ပြိုင်မယ်ဖြစ်တဲ့အတွက်ပေါ့နော် နိုင်ဖို့အတွက်ကို ကျနော်တို့ဒီ ၂၀၂၀မှာရည်မှန်းထားတယ်။

မေး။ ကယန်းအမျိုးသားပါတီရဲ့ရည်မှန်းချက်က ဘာလဲ။

ဖြေ။ အထူးသဖြင့် ဒီဒေသအတွက် လိုအပ်တဲ့ လမ်းပန်းဆက်သွယ်ရေးကိစ္စတွေ၊ လိုအပ်တဲ့ သီးနှံဈေးကွက် ကိစ္စတွေ၊ လိုအပ်တဲ့ လူထုအခွင့်အရေးအတွက်တွေပေါ့နော် ဒါကို လွှတ်တော်အမတ်တစ်ယောက်အနေနဲ့၊ လူထုကိုယ်စားလှယ်တစ်ယောက်အနေနဲ့ မားမားမတ်မတ် ကာကွယ်ပေးနိုင်ဖို့အတွက်ပေါ့နော်။ အထူးသဖြင့် တောင်သူတွေရဲ့ မြေယာကိစ္စတွေပေ့ါနော် ကာကွယ်ပေးနိုင်ဖို့အတွက်ကို ကျနော်တို့မျှော်လင့်တဲ့ ရည်မှန်းချက် ဖြစ်တယ်ပေါ့နော်။

မေး။ ရွေးကောက်ပွဲအောင်နိုင်ခဲ့ရင် လွှတ်တော်ထဲ ဘာတွေလုပ်ဆောင်မလဲ။


ဖြေ။။ ကျနော်တို့ ကယန်းအမျိုးသားပါတီက ကယားပြည်နယ်ထဲမှာပေါ့နော် တစ်ချို့သောနယ်မြေတွေ ပြန်ပေါင်းနိုင်ဖို့ကို ကျနော်တို့ရည်မှန်းတယ်ပေါ့နော်။ ကျနော်တို့ရဲ့ရည်မှန်းချက်က ကိုယ့်ဒေသ ကရင်နီပြည်နယ် ကရင်နီဒေသတစ်ခုလုံးပေါ့နော် အချိန်တော့ယူရလိမ့်မယ် ဒါပေမဲ့ကျနော်တို့ရည်မှန်းတာက ဒီ ၂၀၂၀-၂၀၂၅မှာ ပေါ့နော် လွှတ်တော်ထဲမှာ အဆိုတင်သွင်းနိုင်ဖို့ ကျနော်တို့ ရည်မှန်းထားတဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။

မေး။ ရွေးကောက်ပွဲအောင်နိုင်ဖို့ ဘယ်လို စိန်ခေါ်မှုတွေရှိလဲ။

ဖယ်ခုံမြို့နယ်မှာ မဲကွဲနိုင်တဲ့ အနေအထားမျိုး ကျနော်တို့တွက်ထားတယ်။ အဲအပေါ်မှာတော့ ဘယ်လိုပဲဖြစ်ဖြစ် စိတ်မကောင်းဘူး ဒါပေမဲ့ ကျနော်တို့ ပြိုင်စရာရှိတာ ပြိုင်မယ်ပေါ့နော်။ ဘယ်သူပဲနိုင်နိုင်ပေ့ါနော် အဓိက ကျနော်တို့ပြိုင်သွားဖို့ရည်မှန်းထားတယ်။ ဒုတိယတစ်ချက်ကတော့ ကျနော်တို့က မယ်စဲ့မြို့နယ်မှာပေါ့နော် ဝင်ပြိုင်မယ်။ မယ်စဲ့မှာကတော့ ကျနော်တို့ ကယားပြည်နယ်ဝန်ကြီးချုပ်ရှိတဲ့မြို့နယ်လည်း ဖြစ်တယ်ပေါ့နော်။ သူ့နဲ့ကတော့ တိုက်ရိုက်မပြိုင်သော်ညားလဲ ကျနော်တို့သူပြိုင်တဲ့နေရာမှာ သူတို့က အစိုးရဘက်ဂျတ်တွေပေါ့နော်။ နောက် ဒီရွှေ့ပြောင်းအလုပ်သမားတွေပေါ့နော် အများအပြားကို ပိုင်ထားတယ်။ ပြီးရင်တော့ဒီ အစိုးရဘဏ္ဍာတွေ တချို့ကိုသုံးပြီးမှပေါ့နော် အလှူငွေတွေ ရက်ရက်ရောရော ပေးထားတဲ့အတွက်ပေါ့နော် သူတို့နဲ့ပြိုင်ရမှာတော့ တော်တော်လေးကို ပြင်းပြင်းထန်ထန်ဖြစ်မယ်ပေါ့နော်။

ပြည်နယ် (၁)မှာ ကျနော်တို့ပြိုင်တယ်၊ ဝန်ကြီးချုပ်က မယ်စဲ့မြို့နယ်ပြည်နယ် (၂)မှာပြိုင်တယ်ပေါ့နော်။ နောက် ကျနော်တို့ကပြည်သူ့မှာပြိုင်တဲ့အတွက် ကျနော်တို့က ပြည်သူ့ကနေပေ့ါနော် သူ့နဲ့တစ်စုံတစ်ရာသော မဲဆန္ဒနယ်တွေကလည်း ထပ်တဲ့အတွက်ပေါ့နော် သူ့နဲ့တော့ တိုက်ရိုက်မဟုတ်သော်ညားလည်း သွယ်ဝိုက်ပေါ့နော် ကျနော်တို့ ပြိုင်ဘက်အနေနဲ့ ရှိပါတယ်။

မေး။ ပြိုင်မယ့်ပါတီတွေများလာလို့ မဲကွဲနိုင်လား။

ဖြေ။။ မဲတော်တော်ကွဲမယ်၊ အဓိက မဲကွဲမှာကတော့ ဒေသခံတိုင်းရင်းသားပါတီနဲ့ NLD ပါတီ၊ ကြံခိုင်ရေးပါတီမှာ မဲတော်တော်လေး သိသိသာသာလေးကွဲလိမ့်မယ်။

ကျနော်တို့ တိုင်းရင်းသားပါတီကတော့ ကျနော်တို့ညီညွတ်ကြပြီးမှ ကိုယ့်တိုင်းရင်းသားနဲ့ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိုတော့ ကျနော်တို့တစိုက်မတ်မတ်သွားမယ်။