0:00 / 0:00
စစ်တပ်က ပစ်ခတ်လို့သေဆုံးခဲ့တဲ့ သတင်းထောက် ကိုပါကြီးရဲ့အမှု ပိတ်လိုက်တာကို အမှု ပြန်ဖွင့်ပြီး စစ်ဆေးပေးဖို့ AHRC ခေါ် အာရှလူ့အခွင့်အရေးအဖွဲ့က ဧပြီ ၁၁ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ဒီကြေညာချက်နဲ့ပတ်သက်ပြီး AHRC အဖွဲ့က လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦး ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
