ကိုမျိုးရန်နောင်သိမ်း ဖမ်းဆီးခံရမှု ရှေ့နေ ဦးကိုနီနဲ့ မေးမြန်းချက်

0:00 / 0:00

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနဌာန ဒုတိယတာဝန်ခံ ကိုမျိုးရန်နောင်သိမ်းကို ဒီနေ့ နေ့လည်က ရန်ကုန်တိုင်းစစ်ဌာနချုပ်က တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့နေရာ ဒါမှမဟုတ် တပ်က လုံခြုံရေးအရ တာဝန်ယူထားတဲ့ နေရာတွေမှာသာ စစ်တပ်က ဖမ်းပိုင်ခွင့်ရှိပြီး အရပ်ဘက် ပြစ်မှုကျူးလွန်သူကို တည်ဆဲပြစ်မှုဆိုင်ရာ ဥပဒေအရဆိုရင် ရဲတပ်ဖွဲ့ကပဲ ဖမ်းဆီးပိုင်ခွင့်ရှိတယ်လို့ ဗဟိုတရားရုံးရှေ့နေ ဦးကိုနီ က ပြောပါတယ်။

NLD ဥပဒေ အကြံပေးတစ်ဦးဖြစ်တဲ့ ဗဟိုတရားရုံးရှေ့နေ ဦးကိုနီ ကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။