0:00 / 0:00
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ မြေယာလျော်ကြေးကိစ္စနဲ့ပတ်သက်ပြီး ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီတွေကို ဆန္ဒပြလို့ ငြိမ်းစုစီ ပုဒ်မနဲ့ ဒေသခံ ၆ဝ ကျော်ကို အရေးယူထားပါတယ်။ ဒေသခံတွေကို ခုလိုအရေးယူခံရတာ သုံးလေးကြိမ်ရှိပြီလို့ပြောပါတယ်။ ဒါပေမယ့် ဒေသခံတွေအနေနဲ့ တစ်ကြိမ်မှာ ဆင့်ခေါ်တဲ့ရုံးကို မသွားရောက်ခဲ့ဘူးလို့ သိရပါတယ်။ ပုဒ်မ (၁၈) နဲ့ ၄ ကြိမ် အရေးယူခံထားရတဲ့ အလယ်တောရွာက မစန္ဒာကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
