မကွေးက ကာရာအိုကေဆိုင် မီးလောင်မှု ၁၅ ဦး သေဆုံး

0:00 / 0:00

ဆိုင်ဝန်ထမ်းတွေအပါအဝင် လူ ၁၅ ဦး သေဆုံးခဲ့တဲ့ မကွေးတိုင်းဒေသကြီး၊ မြင်သာရပ်ကွက် သစ္စာလမ်း နဲ့ ၂၉ လမ်းထောင့်မှာရှိတဲ့ ရွှေမြတ်မင်းသမီး ကာရာအိုကေနဲ့ အဆင့်မြင့်အအေးခန်းစားသောက်ဆိုင် မနေ့ညက မီးလောင်မှု ကြောင့် ဆိုင်ရှင်ကို မီးပေါ့ဆမှု၊ လူသေမှုတွေနဲ့ မြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။

အဲဒီမီးလောင်မှုနဲ့ပတ်သက်ပြီး မကွေးတိုင်းမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။