မန္တလေးတိုင်းမှာ လူဦးရေ ငါးသောင်းလောက် မဲပေးခွင့်ရှိသူစာရင်းမှာ မပါသေး

0:00 / 0:00

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ စက်မှုဇုန် ၂ ခုမှာ ဒေသအသီးသီးကနေ လာရောက်အလုပ်လုပ်ကိုင်ကြသူတွေနဲ့ ရွှေ့ပြောင်းနေထိုင်ကြသူ လူဦးရေ ငါးသောင်းလောက်ဟာ မဲပေးခွင့်ရှိသူစာရင်းမှာ မပါသေးပါဘူး။

သူတို့တွေ မဲပေးနိုင်ဖို့အတွက် မန္တလေးမြို့အခြေစိုက် အမျိုးသမီးနိုင်ငံရေး အင်အားစုများအဖွဲ့က ကူညီဆောင်ရွက်ပေးနေပါတယ်။

မန္တလေးမြို့အခြေစိုက် အမျိုးသမီးနိုင်ငံရေး အင်အားစုများအဖွဲ့က အဖွဲ့ဝင် မရွှေစင်ဇော်ဝင်းကို RFA သတင်းထောက် မဇင်မာဝင်းက ဆက်သွယ်မေးမြန်းထားပါတယ်။