မန္တလေးက အများပိုင်မြေနေရာအကြောင်းမေးမြန်းချက်

0:00 / 0:00

ပြီးခဲ့တဲ့အထွေထွေရွေးကောက်ပွဲပြီးချိန်ကစပြီး အစိုးရသစ်ထံ အာဏာမလွှဲပြောင်းခင် ကြားကာလမှာ အရင်မန္တလေးတိုင်းအစိုးရက တိုင်းအတွင်းက အများ ပိုင်မြေဧက တစ်ထောင်နီးပါးကို ပုဂ္ဂလိကထံ လွှဲပြောင်းပေးခဲ့တာတွေရှိပြီး အဲဒီမြေတွေကို အများပိုင်မြေတွေအဖြစ်ပြန်လည်သတ်မှတ်နိုင်ဖို့အတွက် မန္တလေးတိုင်း ဒေသကြီးလွှတ်တော်က ကိုယ်စားလှယ် ၁၅ ဦးနဲ့ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး ဆောင်ရွက်နေပါတယ်။

အဲဒီကော်မတီမှာပါဝင်တဲ့ ချမ်းမြသာစည်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုး ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။