0:00 / 0:00
မန္တလေးတိုင်းဒေသကြီးအတွင်း တရားရုံးမှုခင်းဆိုင်ရာ လေ့လာဆန်းစစ်ရေးအဖွဲ့ ဖွဲ့စည်းမယ့်အခြေအနေ၊ အစိုးရ အကူးအပြောင်းကာလမှာ အများနဲ့သက်ဆိုင်တဲ့ မြေကွက်တွေ ပလပ်မြေတွေကို လူပုဂ္ဂိုလ်အမည်တွေနဲ့ မြေနေရာ ချထားပေးတာတွေကို ပြန်လည်စိစစ်နေတဲ့ အခြေအနေတွေနဲ့ သက်ငယ်မုဒိမ်းမှုတွေနဲ့ပတ်သက်ပြီး ပညာပေးအစီ အစဉ်တွေ ပြုလုပ်ဖို့ စီစဉ်နေတာတွေကို တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီနေ့ တိုင်းလွှတ်တော်မှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်တွေနဲ့ပတ်သက်ပြီး တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင် ကို RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။
