ပြင်တွင်းပြည်ပ သတင်းမီဒီယာတွေ ရခိုင်ပြည်နယ်ကို ရောက်ရှိ

0:00 / 0:00

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်မြို့နယ် မောင်တောမြို့နယ်တွေမှာ သွားရောက်သတင်းရယူကြမယ့် ပြည်တွင်းပြည်ပသတင်းမီဒီယာ ၁၃ ဖွဲ့ဟာ ဒီကနေ့ နေ့လည်ပိုင်းက ဘူးသီးတောင်မြို့ကို ရောက်ရှိခဲ့ပါတယ်။

မနက်ဖြန်မှာ မောင်တောမြို့နယ်က အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေကို သွားရောက်သတင်းယူကြမှာဖြစ်ပါတယ်။

ဘူးသီးတောင်မြို့ကို ရောက်နေတဲ့ RFA သတင်းထောက် ကိုမင်းသိန်းအောင်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။