0:00 / 0:00
ထိုင်းနိုင်ငံမှာ အခြေခံလုပ်အားခ တစ်ရက်ကို ဘတ် ၃၀၀ သတ်မှတ်ထားရာကနေ ဘတ် ၃၆၀ အထိ တိုးမြှင့်ပေးဖို့ ရွှေ့ပြောင်းလုပ်သားအခွင့်အရေးကွန်ရက် MWRN နဲ့ ထိုင်းလုပ်သားသမဂ္ဂတို့ ပူးပေါင်းတောင်းဆိုကြမှာဖြစ်ပါတယ်။
ရွှေ့ပြောင်းလုပ်သားအခွင့်အရေးကွန်ရက် MWRN ဒုတိယ ဥက္ကဌ ဦးအောင်ကျော်ကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။
