ကလေးမြို့ သာစည်ရွာက တိုက်ပွဲ ဆက်သွယ်မေးမြန်းချက်
2021.05.31
စစ်ကိုင်းတိုင်း ကလေးမြို့ သာစည်ရွာမှာ လူငယ်တွေနဲ့ CDM ဝန်ထမ်းတွေကို စစ်တပ်ကဝင်ဖမ်းလို့ ကလေးပြည်သူ့ကာကွယ်ရေးတပ်နဲ့ အပြန်အလှန်ပစ်ခတ်ကြပြီး နှစ်ဖက်ထိခိုက်မှုရှိပါတယ်။ ပြည်သူဘက်က ခြောက်ယောက်ကိုလည်း စစ်ကောင်စီတပ်တွေက ဖမ်းသွားပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုဝေယံ (အမည်လွှဲ) ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။