0:00 / 0:00
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် စံသမာဓိရပ်ကွက်အဖျက်ခံရလို့ ခိုကိုးရာမဲ့နေတဲ့ပြည်သူတွေကို အရပ်ဘက်လူမှုအဖွဲ့တချို့က စားသောက်စရာကူညီနေတာကလွဲလို့ အဓိကလိုအပ်တဲ့ ယာယီနေထိုင်ဖို့ အခက်အခဲ ဖြစ်နေကြပါတယ်။
အခုချိန်မှာ ရာသီဥတုကလည်း အေးလွန်းတဲ့အတွက် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ ကျန်းမာရေး စိုးရိမ်နေကြရတယ်လို့သိရပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ အဲ့ဒီပြည်သူတွေကို သွားရောက်ကူညီနေတဲ့ တောင်သူလယ်သမားများ အကျိုးဆောင်ကွန်ရက်က ဦးဇော်ရမ်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
