မထသ(မြို့တွင်း) ယာယီ ဥက္ကဌ ဦးမင်းဇော်နဲ့ မေးမြန်းချက်

0:00 / 0:00

ယာဉ်ကြောကြပ်တည်းမှုတွေ၊ ယာဉ်မတော်တဆဖြစ်မှုတွေ စတဲ့ပြဿနာတွေကို ဖြေရှင်းဖို့အတွက် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ) ကို ဖျက်သိမ်းပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းကာ မော်တော်ယာဉ်လိုင်းတွေကို ထိန်းချုပ်သွားဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ညွှန်ကြားထားပါတယ်။

လာမယ့် ၃ လအတွင်း ဖွဲ့စည်းသွားဖို့ ဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း မထသ(မြို့တွင်း) ယာယီ ဥက္ကဌ ဦးမင်းဇော် က ပြောပါတယ်။ ဦးမင်းဇော်ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။