မိုးကုတ်မြို့က အင်း အခြေအနေ ဦးနိုင်ငံကျော် ကို မေးမြန်းချက်

0:00 / 0:00

မန္တလေးတိုင်း မိုးကုတ်မြို့လည်က မိုးကုတ်အင်းကို ပြုပြင်ထိန်းသိမ်းဖို့ ပြီးခဲ့တဲ့သမ္မတဦးသိန်း စိန် အစိုးရလက်ထက်က ငွေကျပ်သန်း ၂ထောင်နီးပါး အကုန်အကျခံပြီး ပြုပြင်ဖို့ချပေးခဲ့ပေမယ့် လုပ်ငန်းမပြီးတဲ့အတွက် မိုးကုတ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံကျော်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။

လက်ရှိ မိုးကုတ်မြို့က အင်းအခြေအနေနဲ့ အင်းပြုပြင်ဖို့ လုပ်ငန်းမပြီးပြတ်တဲ့ အခြေအနေကို မေးခွန်းမေးမြန်းခဲ့တဲ့ မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံကျော် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။