0:00 / 0:00
အသစ်ရွေးချယ်လိုက်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ဥက္ကဌတွေမှာ အမျိုးသမီးတစ်ဦးသာ ပါဝင်ပြီး မွန်ပြည်နယ် လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ ဖြစ်ပါတယ်။ ဒေါ်တင်အိဟာ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးလွှတ်တော် ဥက္ကဌ တစ်ယောက်အနေနဲ့ ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ မွန်ပြည်နယ်လွှတ်တော် အသစ်အကြောင်းကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
