စစ်ကောင်စီ ဖမ်းဆီးမှုကြောင့် မန္တလေးက သံဃာတော်တွေ ထွက်ပြေးနေရ

မန္တလေးမြို့မှာ နေ့စဉ်ဆိုသလို လမ်းမပေါ်ထွက် ဆန္ဒပြနေတဲ့ သံဃသမဂ္ဂ သပိတ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် ဖမ်းဆီးပစ်ခတ်တာ ခံခဲ့ရပါတယ်။

အဲ့ဒီထဲက သံဃာတော် ငါးပါးကိုလည်း ဖမ်းဆီးသွားပြီး နေရာမှာတင် လူဝတ်လဲလိုက်ပါတယ်။ အဲ့ဒီနေ့ကစလို့ သပိတ်မှာပါဝင်တယ်လို့ ယူဆတဲ့ မန္တလေးက ဘုန်းကြီးကျောင်းတွေကို စစ်ကောင်စီတပ်သားတွေက လိုက်လံစစ်ဆေးနေတာကြောင့် သံဃာတော်တွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ သပိတ်ဦးဆောင်သံဃာတစ်ပါးက RFA ကို မိန့်ပါတယ်။

လတ်တလော မန္တလေးမှာ သံဃာတော်တွေကို ပစ်မှတ်ထား ဖမ်းဆီးတာတွေ တိုးလာနေတာကြောင့် သံဃသမဂ္ဂ သပိတ်စစ်ကြောင်းကိုလည်း ခဏနားထားမယ်လို့ မိန့်ပါတယ်။

ကျောင်းတိုက်စွန့်ခွာ ထွက်ပြေးနေရတဲ့ လုံခြုံရေးအရ ဘွဲ့အမည်မဖော်လိုသူ သပိတ်ဦးဆောင်ဆရာတော်ကို RFA ဝိုင်းတော်သား စောဖိုးခွား မေးမြန်းထားပါတယ်။