ရေပူဂိတ်ပြန်ဖွင့်မှာကို ကုန်သည်အသင်းတွေ ကန့်ကွက်

0:00 / 0:00

မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ၅ နှစ်ကြာပိတ်ထားခဲ့တဲ့ သိန်းနီ(ရေပူ) အမြဲတမ်းစစ်ဆေးရေးစခန်းကို လာမယ့် ၁၆ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်သွားမှာနဲ့ပတ်သတ်ပြီး ဒေသခံတွေနဲ့ ကုန်သည်အသင်းအဖွဲ့တွေက ကန့်ကွက်မှုတွေရှိနေပါတယ်။

မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်းက ဦးဆောင်ပြီး ညီနောင်အသင်းအဖွဲ့ စုစုပေါင်း (၈) ဖွဲ့က စစ်ဆေးရေးစခန်း ပြန်လည်ဖွင့်လှစ်ခြင်းမပြုဖို့ သဘောထားအကြံပြုချက်တွေကို နိုင်ငံတော်သမ္မထံ ပေးပို့သွားမယ်လို့ သိရပါတယ်။

မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းက အလုပ်အမှုဆောင် ဦးစိုင်းထွန်းကိုကို ကို RFAသတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။