0:00 / 0:00
ရခိုင်ပြည်နယ်၊ မောင်တောမြို့ခရီးစဉ်အတွင်း ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေကို အင်တာဗျူးဖြေကြားခဲ့တဲ့ ငခူရကျေးရွာမှ မွတ်စလင်အမျိုးသားတစ်ဦး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
