မြဝတီဘဏ်နဲ့ မြန်မာ့စီးပွားရေးဘဏ် ပစ်ခတ်ခံရမှု မေးမြန်းချက်

0:00 / 0:00

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့မှာရှိတဲ့ မြဝတီဘဏ်နဲ့ မြန်မာ့စီးပွားရေးဘဏ်တွေကို မနေ့ညပိုင်းမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေက တောင်းတဲ့ ဆက်ကြေးကို မပေးတဲ့အတွက် ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်း က ပြောပါတယ်။

ဦးဇော်မင်း ကို RFA သတင်းထောက် ကိုကျော်စိုးလင်း က ဆက်သွယ်မေးမြန်းထားပါတယ်။