0:00 / 0:00
မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့ ဆိုးကျိုးတွေ၊ ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါးအမျိုးအစားတွေနဲ့ ဘယ်အသက်အရွယ်တွေမှာ အသုံးများတယ်ဆိုတာတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေး ဗဟိုအဖွဲ့နဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး စစ်တမ်းကောက်ယူမှာဖြစ်ပါတယ်။
အဲ့ဒီလို စစ်တမ်းကောက်ယူမယ့်လုပ်ငန်းစဉ်ဟာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး တစ်နှစ်ကြာမြင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နှင်းရေးဗဟိုက ရဲမှူးကြီး ဇော်လင်းထွန်းကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။
