မြင်းခြံအကျဉ်းထောင် ထောင်ပိုင်ကို ယာယီတာဝန်ရပ်စဲ

0:00 / 0:00

မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှာ ထောင်ပိုင်ကို အလိုမရှိကြောင်း အကျဉ်းသားတွေက ဆန္ဒပြကြတဲ့အတွက် ထောင်ပိုင်ကို ယာယီတာဝန်ရပ်စဲထားပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုး က ပြောပါတယ်။

ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။