မကွေးတိုင်းမှာ ရေနံလက်ယက်တွင်းရန်ပုံငွေ ၇ဘီလီယံကျော် စာရင်းပျောက်နေကြောင်း စစ်ဆေးတေ့ွရှိ

0:00 / 0:00

ပြီးခဲ့တဲ့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းလက်ထက်မှာ ရေနံလက်ယက်တွင်းနဲ့ ပတ်သက်တဲ့ အခွန်အခတွေ ၂.၈ ဘီလီယံလောက်ရှိခဲ့တယ်ဆိုပြီး လက်ရှိအစိုးရအဖွဲ့ထံ လုပ်ငန်းရှင်တွေရဲ့ တိုင်ကြားမှုတွေကြောင့် မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ အပါအဝင် အစိုးရ အဖွဲ့ဝင်ဟောင်းတွေကို ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးရာမှာ ၇ ဘီလီယံကျော်အထိ ပျောက်ဆုံးနေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီငွေတွေဟာ ရေနံလက်ယက်တွင်းတွေက ထွက်ရှိတဲ့ ခန့်မှန်း ရေနံစည်ပေါင်း သိန်း ၂၀ ကျော် အတွက် သယ်ဆောင်ခ၊ ဝန်ဆောင်ခတွေအဖြစ် လုပ်ငန်းရှင်တွေက အစိုးရထံ ပေးသွင်းထားတာဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး အလုပ်အကိုင်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော် က ပြောပါတယ်။

ဝန်ကြီး ဦးနေမျိုးကျော် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။