0:00 / 0:00
နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်မှာ မူးယစ်ဆေးဝါးနဲ့ မှုခင်းဖြစ်ပွားမှုတွေ များလာတဲ့အတွက် စီမံချက်ရေးဆွဲဆောင်ရွက်ပေးဖို့ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်က နေပြည်တော်ကောင်စီ တာဝန်ရှိသူတွေထံ တင်ပြ တောင်းဆိုလိုက်ပါတယ်။
တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်ကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။
