0:00 / 0:00
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကနေ NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်ကို အရင် NCCT အဖွဲ့ဝင် ၁၆ ဖွဲ့နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အပါအဝင် အဖွဲ့ ၁၇ ဖွဲ့လုံး ပါဝင်ခွင့်ရမှ လက်မှတ်ထိုးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဇူလိုင်လ ၂၉ ရက်နေ့ကပြီးဆုံးသွားတဲ့ အဲဒီ လေးရက်ကြာ အစည်းအဝေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား အဆင့်မြှင့် ညှိနှိုင်းဆောင်ရွက်ရေး ကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးနိုင်ဟံသာ ကို RFA သတင်းထောက် ဦးအောင်မိုးမြင့် က တွေ့ဆုံမေးမြန်းထားပါတယ်။