NCUB အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး တိုးတက် ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးရစေဖို့ အတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲဖို့လိုကြောင်း NCUB ခေါ် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီက ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။

ကြေညာချက်မှာ ငြိမ်းချမ်းရေး လုပ်ဆောင်ပေးဖို့ ကမ်းလှမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား အဖွဲ့အစည်း အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးရေးကို တောင်းဆိုကြောင်း ဖေါ်ပြထားပါတယ်။ ဒီကြေညာချက်နဲ့ အပါအဝင် လတ်တလော မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ NCUB က အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်နဲ့ RFA ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

0:00 / 0:00