0:00 / 0:00
နေပြည်တော် က လမ်းတွေမှာ လျှပ်စစ်မီးထွန်းဖို့အတွက် စည်ပင်သာယာအဖွဲ့က လာမယ့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှာ ကျပ်သန်းတစ်ထောင်နီးပါး သုံးစွဲဖို့ လွှတ်တော်ကို တင်ပြထားတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ထက်ဝက်လျော့ချပြီး လျှပ်စစ်မီးမရရှိသေးတဲ့ ကျေးရွာတွေ မီးလင်းရေးအတွက် အသုံးပြုသင့်တယ်လို့ မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
ဦးမင်းသူကို RFA သတင်းထောက် ကိုမျိုးဇော်ကို က ဆက်သွယ်မေးမြန်းထားပါတယ်။
