NLD အမတ်တွေကို အင်္ဂလိပ်စာသင်တန်းပေးဖို့ စီစဉ်

0:00 / 0:00

NLD ပါတီက သူ့လွှတ်တော် ကိုယ်စားလှယ်အားလုံးကို အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲစစ်ဆေးမှာဖြစ်ပြီး ရရှိတဲ့အဆင့်အပေါ်မူတည်ကာ အင်္ဂလိပ်စာသင်တန်း တက်ရောက်သင်ကြားဖို့ စီစဉ်နေပါတယ်။ ဒီသင်တန်းကို ရန်ကုန်မြို့ ဗြိတိသျှကောင်စီ (British Council) နဲ့ပူးပေါင်းပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ ဇော်မြင့်မောင်ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။